The Dangers and Impact of Fake Products.

BMW Myanmar
BMW Myanmar 3.7K Views
  • 171
  • 27
  • 1

Spare parts အတုအပ ပစ္စည်းတွေကြောင့် သင့်ရဲ့ BMW မှာ ဘယ်လိုအန္တရာယ်၊ ပြဿနာတွေနဲ့ ရင်ဆိုင်ကြုံတွေ့ရနိုင်သလဲဆိုတာကို BMW ရဲ့ ပညာရှင်တွေက လေ့လာစမ်းသပ်ပြထားတာဖြစ်ပါတယ်။

Spare Parts အတုအပပစ္စည်းတွေဟာဆိုရင် အရည်အသွေးမပြည့်မီမှုကြောင့် ခံနိုင်ရည်ရှိတဲ့သက်တမ်းကာလကိုမရောက်သေးခင်မှာပဲ ပျက်စီးလေ့ရှိတဲ့အတွက် မောင်းနှင်နိုင်သည့်စွမ်းဆောင်ရည်ကိုလျော့ကျစေနိုင်တဲ့အပြင် ယာဉ်မတော်တဆဖြစ်ခဲ့လျှင်လည်း သင့်ကို အပြည့်အ၀ ကာကွယ်ပေးနိုင်မှာမဟုတ်ပါဘူး။

ဒါကြောင့် ဒီလိုမလိုလားအပ်တဲ့ ပြဿနာတွေကိုကျော်လွှားဖို့ဆိုရင်တော့ Original Spare Parts တွေကိုသာ သုံးစွဲဖို့လိုပါလိမ့်မယ်။

BMW Original Spare Parts များကတော့
- Original Spare Parts စစ်မှန်ကြောင်းအထောက်အထားအာမခံမှုရရှိနိုင်ခြင်း၊
- အမှန်တကယ်အာမခံထားသောအချိန်ကာလရောက်သည်အထိ ကြံ့ခိုင်ရည်ရှိခြင်း၊
- သင့် BMW ရဲ့ အမြင့်မားဆုံးမောင်းနှင်နိုင်သည့်စွမ်းဆောင်ရည်ကို အပြည့်အ၀ရရှိဖို့ စွမ်းဆောင်ရည်ပိုင်းဆိုင်ရာအစိတ်အပိုင်းများကို အပြည့်အ၀ထောက်ပံ့ပေးနိုင်ခြင်း၊
- ၂ နှစ် အာမခံချက်အပြည့်အ၀ရရှိခြင်း (ဘရိတ်ရှူး၊ တာယာ၊ ဘရိတ်ဒရမ်၊ ရာဘာဘွတ်၊ အင်ဂျင်ခံတုံး စသည့် ပွန်းစားနိုင်သောအောက်ပိုင်းပစ္စည်းများ မပါဝင်ပါ)
စသည့်အာမခံချက်များအပြင်...
BMW ဟာ ရရှိလာတဲ့ အကျိုးအမြတ်တွေကို Original Spare Parts ထုတ်လုပ်ရာမှာ သဘာဝပတ်ဝန်းကျင်ကိုထိခိုက်ပျက်စီးခြင်းမှ ကာကွယ်နိုင်ဖို့အတွက် လေ့လာစမ်းသပ်မှုတွေပြုလုပ်တဲ့ BMW Research and Development Center မှာ ပြန်လည်ရင်းနှီးမြုပ်နှံထားတာဖြစ်တာကြောင့် စိတ်ချယုံကြည်စွာ သုံးစွဲနိုင်မှာဖြစ်ပါတယ်။

Posted 11 months ago in CARS_TRUCKS