EXO SUHO 김준면 - Myanmar - 612890435714489

EXO SUHO 김준면 - Myanmar
EXO SUHO 김준면 - Myanmar 5,034 Views
  • 272
  • 307
  • 26

[Mm sub] SUHO x Jang JaeIn "Dinner" ♡[ခုနကတင်လိုက်တာ video က နောက်ပိုင်းမှာ error ဖြစ်သွားလို့ ပြန်တင်ပေးလိုက်ပါတယ်နော်။🙏]

"Dinner" ရဲ့ စာသား​တွေကို ညစာစားချိန်​မှာ ချစ်​သူ​ကောင်​​လေးနဲ့ ​ကောင်​မ​လေးတို့ဟာ ထမင်းစားပွဲတခုတည်းမှာထိုင်​​နေကြ​ပေမယ့်​ နှစ်​ဦးစလုံးရဲ့ စိတ်​ထဲမှာ​တော့ တခြားအ​ကြောင်းအရာ​တွေကိုပဲ​တွေး​နေကြတဲ့အ​ကြောင်းကို ​တစ်ဖက်လူအမြင်အေ​​နနဲ့​ပါ​ရေးစပ်​ထားတဲ့အပြင်​ နှစ်ဦးစလုံးရဲ့အချင်းချင်း​အ​ပေါ်မြင်​တဲ့အ​​မြင်​ကို​ပါ ​ထည့်သွင်း​​​ရေးစပ်ထားတာေ​တွ့ကြရမှာပါ..ဒါကိုကြည့်​ရင်​ သီချင်း​ရေးသူနှစ်​​ယောက်​ရဲ့ သီချင်းစာသားအ​ပေါ် ဘက်​​ပေါင်းစုံကခံစားတတ်​ပုံကိုအတိုင်းသားသိနိုင်​မယ်​လို့ထင်​မိပါတယ်​..☺

အဲ့လို နှစ်​ဦးနှစ်​ဖက်​ရဲ့အမြင်​ကို​ကော ​တစ်​ဖက်​က​ဘေးလူရဲ့အမြင်​ကိုပါ​ရေးစပ်​ထားတဲ့အတွက်​ သီချင်းစာသားထဲမှာ "သူမ" "သူ" "ငါ" ဆိုတဲ့ အသုံးအနှုန်း​တွေကို ​နေရာအလိုက်​သုံးထားတာကိုလည်း​တွေ့ရမှာပါ..အဲ့ဒါ​ကြောင့်​ Admin လည်း အချင်းချင်းအ​ပေါ်မြင်​တဲ့အမြင်​ကို​ အဓိက​ရေးဖွဲ့ထားတဲ့သီချင်းမို့ "သူမ" "သူ" "ငါ" ဆိုတာ​လေး​တွေကို ​သီချင်းစာသားအတိုင်း သူ့​နေရာနဲ့သူထည့်​ပြန်​ထားပါတယ် [ "သူမ" ဆိုတဲ့​နေရာကို "သူ" လို့ပြန်လိုက်တာမျိုးဆို ​​​ဘယ်သူ့အေ​ပ်ါကို ဘယ်သူကမြင်တဲ့အမြင်လဲဆိုတာကွဲသွားနိုင်ပြီး သီချင်းကတဆင့်ေ​​​​​​ပြာချင်တဲ့ အေ​ကြာင်းအရာကလည်းလုံးဝလွဲသွားမှာစိုးလို့ပါ]

ဒါ့အပြင်​ ​ရှေ့ဆက်​လို့မဖြစ်​​တော့တဲ့ ချစ်​သူနှစ်​ဦးရဲ့ဆက်​ဆံ​ရေးကို လျော့သွားတဲ့ ၀ိုင်​ခွက်​ကို ဘယ်​​လောက်​ပဲ ထပ်​ဖြည့်​ဖြည့်​ ၀ိုင်​ရဲ့ခရမ်းရင့်​​ရောင်​ဟာ ချစ်​သူနှစ်​ဦးအတွက်​​တော့ ထပ်​ပြီးမ​တောက်​ပနိုင်​​တော့ပုံနဲ့ ခိုင်းနှိုင်း​ရေးဖွဲ့ထားပုံကို ကြည့်​ရင်​လည်း သီချင်း​ရေးသူနှစ်​​ယောက်​ရဲ့ သီချင်းစာသား​ရွေးချယ်​ပုံ ပါးနပ်​မှုကိုသိနိုင်​မယ်​လို့ ထင်​မိပြန်​ပါတယ်​..♡ ဒါဟာ Admin ရဲ့အမြင်​သက်​သက်​ပါ​နော်​~☺

ဒီ​နေရာမှာ အဓိကထား​ပြောချင်တာက​တော့ စာသားအားလုံးကို JunMyeon နဲ့ JaeIn နှစ်ေ​​ယာက်က အကြိမ်အကြိမ်အခါခါ ​ဆက်တိုက်ေ​​ဆွး​နွေးကြ တိုင်ပင်ကြရင်း "Dinner"ေ​​​​ကာ "Do You Have A Moment ?" ​ကောက စာသား​တွေအားလုံးကို အတူ​ရေးထားကြတာပါ.."သူ့ part သူ​ရေး ကိုယ့်​ part ကိုယ်​​ရေး" အဲ့လို​ရေးထားကြတာလုံးဝမဟုတ်​ပါဘူး​နော်​..နှစ်​​ယောက်​စလုံးက ​ယောက်ျား​လေးဘက်​က အမြင်​​ကော မိန်းက​လေးဘက်​ကအမြင်​​ကော ​​တစ်​ဖက်​လူရဲ့အမြင်​​ကော အားလုံးကို အ​သေအချာခံစားပြီး​ရေးသားထားကြတာပါ..♡

"Dinner" သီချင်း​လေးကို ဘာလို့ "ညစာစားချိန်​မှာ အတူရှိ​နေကြ​ပေမယ့်​ ချစ်​သူနှစ်​ဦးက တခြားအ​ကြောင်းအရာ​တွေကို​တွေး​နေကြတဲ့" အ​ကြောင်း​ရေးဖြစ်​သွားလဲဆို​တော့ "Do You Have A Moment? " ရဲ့သီချင်းစာသား​တွေ​ရေးအပြီး JaeIn က JunMyeon နဲ့အတူ ညစာအတူစားချိန်​မှာ သီချင်း​နောက်​တစ်​ပုဒ်​ကိုယူလာပြီး "အစ်​ကို ဒီသီချင်းရဲ့ စာသား​တွေ​ရော အတူ​ရေးကြရင်​ဘယ်​လိုလဲလို့ " ​မေးပြီး ဘယ်​​နေရာက ဘယ်​လို .. ဘယ်​​နေရာကို ဘယ်​လို​ရေးလိုက်​ရင်​​ကောင်းမယ်​ဆိုတဲ့အ​ကြောင်း​တွေ​ပြော​နေချိန်​ Admin တို့ရဲ့ JunMyeon တစ်​​ယောက်​ဟာဖြင့်​ ဗိုက်​ဆာ​နေတာ​ကြောင့်​ JaeIn ​ပြောသမျှနားထဲမ​ရောက်​ပဲ ညစာအရင်​စားဖို့ပဲ​တွေး​နေမိတာ​ကြောင့်​ JunMyeon က JaeIn ကို "ငါတို့ ညစာအတူစားချိန်​မှာ အတူရှိ​နေကြ​ပေမယ့်​ တခြားအ​ကြောင်း​တွေကိုပဲ စဉ်းစားမိ​နေတဲ့အ​ကြောင်း" ​ရေးကြရင်​မ​ကောင်းဘူးလားလို့ အကြံ​ပေးရာက​နေ ​ရေးဖြစ်​သွားတာပါလို့ 11 ရက်​​နေ့တုန်းက လွှင့်​သွားတဲ့ V Live မှာ JunMyeon က​ပြောသွားပါတယ်​..😄[မနက်​ဖြန်​ အဲ့ဒီ့ V Live အစအဆုံးကို Mm sub နဲ့တင်​​ပေးပါမယ်​​နော်​..☺]

ကဲ "Dinner" စာသား​လေး​တွေကို Myanmar Sub ​လေးနဲ့ခံစားကြည့်​ကြပါအုံး​နော်​..♡

အတတ်​နိုင်​ဆုံး ဆီ​လျော်​​အောင်​ JunMyeon နဲ့ JaeIn တို့ ​ပေးချင်​တဲ့ message ​လေး​ပေါ်​အောင်​ ဘာသာပြန်​ထား​ပေမယ့်​ ဘာသာပြန်​တဲ့​နေရာမှာ အမှားပါခဲ့သည်​ရှိ​သော်​ ဘာသာပြန်​သူ Admin ရဲ့အမှားသာဖြစ်​ပါတယ်​​နော်​ 🙏

Posted 7 months ago in OTHER

BajarFB.com is a free online Facebook Video Downloader. This tool generate video download link to save Facebook videos online without any install required. Video download is available in two resolution wherever available i.e. High-Definition (HD) videos and Standard-Definition (SD) videos. HD videos are better than SD videos in terms of quality and also bulkier in file size.

Both formats can be played on wide range of devices like MAC, PC, laptop, mobiles, etc. Download links may be served via SSL (HTTPs) protocol for better security Each link is valid for 3 hours maximum after that it will expire and not work. To download video again, simply enter the FB video URL in the input box above and generate the download link by clicking on 'Download' button. Download service is totally free and there is no limit on the number of downloads

Note: BajarFB.com does NOT have anything to do with Facebook Inc. Facebook trade mark is the property of Facebook Inc. All trademark belongs to their respective owners.